တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ၊လက်နက်ခဲယမ်းများနှင့်အတူထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိ

ဇွန် ၂၈

    ရှမ်းပြည်နယ်(အရှေ့ပိုင်း )၊တာချီလိတ် ခရိုင်၊တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ဧဒင်ကျေးရွာ၊ အိမ်အမှတ်(၀၆၀/က)နေအိမ်အား ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် သတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့က ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား ၃ ဦးကို မူးယစ်ဆေးဝါးများ၊လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။

     သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြား ချက်အရ  ဖမ်းဆီးရမိသူ  ထိုင်းနိုင်ငံသား ၃ ဦးကို ၎င်းတို့၏ နေအိမ်ခန်းအတွင်းမှ “1”တံဆိပ်ပါ အပြာရောင်ကပ်ခွာအိတ်ဖြင့်  ထည့်ထားသော  WY စာတမ်းပါ အနီရောင် စိတ်ကြွရူးသွပ်ဆေး ပြား ၉၀ ပြား(အလေးချိန် ၉ဂရမ်)ခန့်၊အကြည်ရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော  အိုက်စ်ဟုယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ ၄၀၀ ဂရမ်ခန့်၊ ကျည်အိမ်အတွင်း Luger ကျည် ၁၁ တောင့်နှင့် ၉မမကျည် ၄ တောင့် ထည့်လျက် ကျည်အိမ်တပ်ဆင်ထားသော ချက်နိုင်ငံထုတ် ၉မမ ပစ္စတို သေနတ် ၁ လက်၊အနက်ရောက် ပလပ်စတစ်ခွက်ဖြင့် ကျည် ၄၅ တောင့်၊အကြည်ရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော ပွိုင့် ၃၂ အော်တို ကျည် ၁၅ တောင့်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

     ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား ၃ ဦးဖြစ်သည့် အားကျုံ့(ကျား)၊ပင်ဆိုင်(ကျား)၊ဟာခိုင်(မ)တို့ကို ဟောင်လိတ်ရဲစခန်းတွင် မယ (ပ)၂၄/၂၀၂၃၊မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ဖြင့် အမှုဖွင့် အရေးယူးထားကြောင်း သတင်းရရှိပါသည်။

#PAN