“ကျူးဘားကာကွယ်ရေးဝန်ကြီး ၏ မော်စကို ခရီးစဥ်အတွင်း အမေရိကန် မှ တရားမဝင် စီးပွားရေးပိတ်ဆို့ခြင်းခံနေရသည့် ကျူးဘားကို အကူအညီများပေးရန် အသင့်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ​ကပြောကြားခဲ့”

ဇွန် ၂၈

ကျူးဘားကာကွယ်ရေးဝန်ကြီးသည် မော်စကိုမြို့သို့ ပြီးခဲ့သည့် အင်္ဂါနေ့က အလည်အပတ်ခရီးစဥ် အဖြစ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ခြင်းခံနေရသည့် ကျူးဘားကို ရုရှားနိုင်ငံ က အကူအညီများပေးရန် အသင့်ရှိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Shoigu ကကျူးဘားနိုင်ငံ ကာကွယ်ရေးဝန်ကြီး နှင့် တွေ့ဆုံနေစဥ် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟာဗားနား(ကျူးဘား)နိုင်ငံ သည် မော်စကို(ရုရှား)နိုင်ငံ ၏ ကာရေဘီယံဒေသအတွင်းရှိ အကြီးမား ဆုံးမဟာမိတ်နိုင်ငံဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu က ရုရှားနိုင်ငံ မော်စကိုမြို့သို့ ပြီးခဲ့သည့် ဇွန်လ ၂၇ရက် အင်္ဂါနေ့က လာရောက်ခဲ့သည့် ကျူးဘားနိုင်ငံတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝန်ကြီး Alvaro Lopez Miera နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျူးဘားဟာ ဒေသတွင်း ရုရှားရဲ့ အဓိကမဟာမိတ်အဖြစ် အမြဲရှိနေမှာပါ။ ကျူးဘားမဟာမိတ်မိတ်ဆွေတွေကရုရှားနိုင်ငံ၏ ယူကရိန်း အထူးစစ်ဆင်ရေးများရဲ့ ရည်မှန်းချက်တွေကို အပြည့်အဝ နားလည်ကြောင်း ပြသခြင်းအားဖြင့် ကျနော်တို့နိုင်ငံအပေါ် သူတို့ရဲ့ သဘောထားကို ထုတ်ဖော် အတည်ပြုခဲ့ပါတယ်” လို့ ၎င်းက အဆိုပါ တွေ့ဆုံပွဲတွင်ပြောကြား​ကြားခဲ့တာ လည်း ဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး Shoigu ၏ အဆိုအရ ရုရှား-ကျူးဘား နှစ်နိုင်ငံ ဆက်ဆံရေးသည် လက်ရှိအချိန်တွင် ပိုမို အားကောင်း မြင့်တက်လာနေပြီး ယခုနှစ် ၁ နှစ်တည်းတွင်ပင် ရုရှား နိုင်ငံ၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အများအပြား ကျူးဘားသို့ သွားရောက်ခဲ့ကြပြီး ကျူးဘားနိုင်ငံဝန်ကြီးချုပ် Manuel Marrero ကလည်း မကြာသေးမီက ရုရှားနိုင်ငံသို့ တရားဝင်လာ ရောက်လည် ပတ်ခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။