ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်

ဇွန် ၂၈

      ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် အင်ဒိုနီးရှားသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa – ACO) သံရုံးအကြီးအကဲများ၏ (၂၈၀) ကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့်အခမ်းအနား သို့ အော်တာဝါမြို့အခြေစိုက်အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ  တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများက ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများနှင့် အလုပ်သဘောနေ့လယ်စာစားပွဲ (၂)ကြိမ် ကျင်းပပြုလုပ်ခဲ့သည့် ကိစ္စရပ် အပါအဝင် အင်ဒိုနီးရှားသံအမတ်ကြီး၏ အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း အာဆီယံကော်မတီ၏လုပ်ငန်းအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သည့်ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

     ထို့နောက် အင်ဒိုနီးရှား သံအမတ်ကြီး H.E. Daniel Tumpal Simanjuntak  ကကော်မတီ ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားသံအမတ်ကြီး H.E. Datin Anizan Siti Hajjar Adnin ထံသို့ တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#PAN