“UAE နိုင်ငံ Ajman မြို့ရှိ လူနေအိမ် အထပ်မြင့် အဆောက်အအုံတစ်ခုတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့”

ဇွန် ၂၇

United Arab Emirates အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံအတွင်းရှိ လူနေအဆောက်အအုံတစ်ခု တနင်္လာနေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့် ဗီဒီယိုရုပ် သံသတင်းတစ်ခုသည် အွန်လိုင်း ပေါ်တွင် ပျံ့နှံ့သွားခဲ့ရတာဖြစ်ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံအတွင်းရှိ Ajman မြို့၏ အထပ်မြင့် အဆောက်အအုံတစ်ခုတွင် ပြီးခဲ့သည့် ဇွန်လ ၂၇ရက် တနင်္လာနေ့ ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရတာဖြစ်ပြီး မီးသတ်သမား အများအပြား တို့က အဆိုပါ မီးကို ကြိုးစား ငြိမ်းသတ်ခဲ့ ကြရတာ လည်းဖြစ်ပါတယ်။

UAE နိုင်ငံ၏ မြို့တော် ဒူဘိုင်းမြို့တော်မြောက်ဘက်ရှိ Ajman emirateမြို့ ရှိ မျှော်စင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရတာဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အလားတူ မီးလောင်မှု ဖြစ်ပွားခဲ့ ပြီးလည်းဖြစ်ပါတယ်လို့ သတင်းဌာနအချို့ ကဖော်ပြပြောဆိုထားကြပါတယ်။