ဇွန် ၂၇
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့
နယ်၊ငါးဘတ်ကြီးကျေးရွာအုပ်စု၊ငါးဘတ်ကြီး
ကျေးရွာရှိ အခြေံပညာမူလတန်း(လွန်)ကျောင်း
တွင်ယနေ့ နံနက် ၄ နာရီခွဲအချိန်တွင် ကျောင်ဝန်း ခြံစည်းရိုးအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ခြံစည်းရိုးအနည်းငယ် ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း၊ အလားတူ လွန်ခဲ့သောသုံးလေးရက်ခန့် ကလည်း ရွှေကူမြို့၊အမှတ်(၄)ရပ်ကွက်၊ဘောဂဗလရပ်ရှိ ဘောဂဗလအခြေခံပညာအလယ်တန်းကျောင်းတွင် ညအချိန် ကျောင်းဝန်းအတွင်း ဗုံးများပစ်သွင်း တိုက်ခိုက်ခဲ့ရာ လူပစ္စည်းထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။
ယခုရက်ပိုင်းအတွင်း ရွှေကူမြို့ပေါ် စာသင် ကျောင်းများတွင် မိုင်းခွဲမှုများ ရက်ဆက်ဖြစ်ပေါ်နေကြောင်း၊ ထို့အပြင် ယခုရက်ပိုင်းအတွင်း ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် NUG စာသင်ကျောင်းများဖွင့်လှစ်ရန် လူသတ်အကြမ်း ဖက်သောင်းကျန်းသူ KIAနှင့် PDFများ ကလိုက် လံနှိုးဆော်နေပြီ မြို့ပေါ်ရှိ အစိုးရစာသင်ကျောင်းများတွင် ကျေးရွာများက ကျောင်းသား/သူများအား သွားရောက်စာမသင်ကြားရန်၊ မြို့ပေါ်ကျောင်းမှ နုတ်ထွက်ပြီး ၎င်းတို့ဖွင့်လှစ်သော ကျောင်းများတွင်သာ တက်ရောက်ရန် ကျောင်း သားမိဘများကိုဖိအားပေး ခြိမ်ခြောက်ပြီး
ကျောင်းသာများ အကြောက်တရားဖြစ်အောင် ရိုက်နှက်မှုများ ရှိကြောင်း သိရှိရပါသည်။
ယခုလို ကျောင်းသားမိဘများနှင့် ကျောင်း သား/သူများ ကြောက်လန့်ရန် မိုင်းဖေါက်ကွဲမှုများ ပြုလုပ်ခြင်ကို ကျောင်းသားမိဘများကရှုံ့ ချကြောင်း၊ လောလောဆယ်တွင် ကျေးရွားများမှ မြို့ပေါ်ကျောင်းသို့ လာရောက်တက်နေသော ကျောင်းသားမဘများအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။
#PAN