“မြောက်ကိုရီးယားတွင် ‘အမေရိကန် နယ်ချဲ့သမား ဆန့်ကျင်ရေး’လှုပ်ရှားမှု လူထုစုဝေးပွဲများပြုလုပ်ခဲ့ကြပြီး အမေရိကန်ပြည်မကြီးတစ်ခုလုံးသည်၎င်းတို့ နျူးကလီးယား လက်နက်များ၏ ပစ်မှတ် အကွာအဝေးအတွင်း တွင် ရှိကြောင်း စာတန်းများ ရေးသားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြ”

ဇွန် ၂၇

မြောက်ကိုရီးယားနိုင်ငံတွင် ‘အမေရိကန် နယ်ချဲ့သမား ဆန့်ကျင်ရေး’ လူထုစုဝေးပွဲတွေ ကို မြောက်ကိုရီးယားပြည်သူများ ထောင်နဲ့ချီပြီး ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော် ပြုံးယမ်းမြို့ ရှိ မေဒေးအားကစားကွင်းတွင် ဇွန် ၂၅၊ တနင်္ဂနွေနေ့က ‘အမေရိကန်နယ်ချဲ့ဝါဒကို တွန်းလှန်သည့်နေ့’ ဖြစ်ပြီး မြောက်ကိုရီးယားက ခေါ်ဝေါ်သည့် “အမေရိကန်နယ်ချဲ့ကို တော်လှန်သည့်နေ့” အထိမ်းအမှတ်အဖြစ် လူထုစုဝေးပွဲကြီးတစ်ခုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

တောင် – မြောက် ကိုရီးယားစစ်ပွဲစတင်ခဲ့သည့် ၇၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသားပေါင်း ၁၂၀,၀၀၀ ကျော်နီးပါး စုဝေးခဲ့ကြပြီး အမေရိကန် နယ်ချဲ့သမားများအား လက်စားချေရန် ကတိပြု ပွဲများ ကျင်းပခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA သတင်းဌာနက ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့က ဖော်ပြ ပြောဆိုခဲ့တာ လည်းဖြစ်ပါတယ်။

အဆိုပါအမေရိကန် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကြီး၏ ထုတ်ပြန်ချက်တွင် ဝါရှင်တန်( အမေရိကန်) သည် တောင် – မြောက် ကိုရီးယား စစ်ပွဲများကို ပြန်လည် နှိုးဆွနိုင်ရန် နှင့် မြောက်ကိုရီးယား အပေါ် ရန်စသော လက်နက်စမ်းသပ်မှုများ၊ စစ်ရေးလေ့ကျင့်မှုများ မကြာသေးမီက ပြုလုပ်ခဲ့ကြပြီး တင်းမာမှုများဖြစ်ပေါ်လာစေရန် ပြုလုပ်ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပြောဆိုထားကြပြီး ၎င်းတို့၏နျူကလီးယား ဒုံးကျည်အစီအစဉ်များအတွက် ပြုံယမ်း(မြောက်ကိုရီးယား) အစိုးရအား ဂုဏ်ယူမိကြောင်း အဆိုပါ သတင်းဌာနက ထပ်လောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Rodong Sinmun အမည်ရှိ သတင်းစာတစ်ခုတွင် “အမေရိကန်ပြည်မကြီးတစ်ခုလုံးသည် ကျနော်တို့ နိုင်ငံ၏ နျူးကလီးယားလက်နက် ပစ်မှတ် အကွာအဝေးအတွင်း၌ ရှိနေတယ်”လို့ ရေးထားသည့် စာတန်းများပါသော သတင်း ဓာတ်ပုံများကို ထုတ်ဖော်ပြသထားတာ တွေလည်းရှိခဲ့ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆိုနေကြတာလည်းဖြစ်ပါတယ်။