မုံရွာမြို့၊ အောင်ချမ်းသာရပ်၊ပြည်ထောင်စုလမ်းမပေါ်တွင် နယ်မြေလုံခြုံရေးအဖွဲ့က မသင်္ကာ၍ တားဆီးစဥ် မောင်းနှင်ထွက်ပြေးသွားသော ဆိုင်ကယ်ကို ပစ်ခတ်ဖမ်းဆီးရာ PDF အမည်ခံ လူ သတ်အကြမ်းဖက် ၂ ဦး အသေဖမ်းဆီးရမိ

မုံရွာမြို့၊ အောင်ချမ်းသာရပ်၊ပြည်ထောင်စုလမ်းမပေါ်တွင် နယ်မြေလုံခြုံရေးအဖွဲ့က မသင်္ကာ၍ တားဆီးစဥ် မောင်းနှင်ထွက်ပြေးသွားသော ဆိုင်ကယ်ကို ပစ်ခတ်ဖမ်းဆီးရာ PDF အမည်ခံ လူ သတ်အကြမ်းဖက် ၂ ဦး အသေဖမ်းဆီးရမိ
**************************************
ဇွန် ၂၇

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်၊ပြည်ထောင်စုလမ်းမပေါ်၊ပဇ္ဇောတာရုံကျောင်းအနီးတွင် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က
နယ်မြေလုံခြုံရေးအဖွဲ့က မသင်္ကာဖွယ်အမျိုး သား ၃ ဦး၊ မောင်းနှင်လာတဲ့ဆိုင်ကယ်ကို ရပ်တန့်ခိုင်းရာတွင် မရပ်ဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရပါ သည်။

    ထိုသို့ ပစ်ခတ်မှုကြောင့် PDF အမည်ခံ လူ သတ်အကြမ်းဖက် ၂ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ဖမ်းဆီးလာသော လူငယ် ၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့ကိုင်ဆောင်လာသောပစ္စတို၂ လက်၊ ပစ္စတိုကျည် ၁၀တောင့်၊ AK ကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁လုံး၊ ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN