“လာမည့် ဇူလိုင်လ တွင်အမေရိကန် စစ်တပ် မှ Drone များကို အိန္ဒိယ က ဝယ်ယူ နိုင်ရန် စီစဥ်ထား”

ဇွန် ၂၆

အိန္ဒိယ နိုင်ငံက အမေရိကန်နိုင်ငံ ၏ Drone များ ဝယ်ယူရေး သဘောတူညီချက်များကို လာမည့်လတွင်စတင်ဝယ်ယူသွားမှာဖြစ်ပြီး အမေရိကန် စစ်တပ်မှ UAV အစင်းရေ ပေါင်း ၃၁ စင်း ဝယ်ယူသွားရန် တရားဝင် လုပ်ငန်းစဉ် များ ကိုစတင်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမေရိကန် Reaper မောင်းသူမဲ့ လေယာဉ်များတွင် နာရီပေါင်း ၄၀ ပျံသန်းချိန် နှင့် ပေ ၄၀,၀၀၀ အမြင့် ပျံသန်းနိုင်သော မောင်းသူမဲ့ Drone များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်များ၏ ခန့်မှန်း ခြေကုန်ကျစရိတ် မှာ ၆ နှစ်မှ ၇နှစ်ထိ ကြာမြင့်နိုင်ပြီး ကန်ဒေါ်လာ ၃.၅ ဘီလီယံထိ ကုန်ကျနိုင်တယ်လို့ လည်း သတင်းဌာနများက ခန့်မှန်းပြောဆိုနေကြတာဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၂၅ရက်နေ့က အိန္ဒိယရေ တပ်သို့ UAVS ဒရုန်း ၁၅ စင်း နှင့် UAVS ၈ စင်းတို့ကို အိန္ဒိယ ကြည်းတပ်နှင့် လေတပ်သို့ ပေးအပ်ခဲ့ကြောင်း အိန္ဒိယ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပါ Drone များတွင် Hellfire အမျိုးအစား ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် စမတ်ဗုံးများ တပ်ဆင်ထားပြီး ထောက်လှမ်းရေး မစ်ရှင်များတွင် အများစု အသုံးပြုသွားမှာလည်းဖြစ်တယ်။