ဇွန် ၂၆
ယနေ့ နံနက် ၁၁ နာရီနှင့် ၁၂ နာရီအချိန်ကြားတွင် မြဝတီမြို့နယ်၊ ပွင့်လင်းအေးမြိုင်ရွာထဲကို အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)အဖွဲ့မှ ငရိူင်း အပါအဝင် ၆ ဦးသည် ရောက်ရှိလာပြီး ရွာသားများကို ရွာထဲမှ အမြန်ရှောင်ပေးရန် လိုက်လံပြောဆိုခဲ့ကြောင်း သိရပါသည်။
ထိုသို့ ပြောဆိုမှုကြောင့် ရွာသားအတော်များများသည် ရွာထဲမှ ရှောင်ကုန်ကြပြီး အကြမ်းဖက်သောင်းကျန်းသူများက ရွာတွင်အခြေပြု၍ မြဝတီမြို့ကို အနီးကပ်ဝင်လုံးရန် စီမံနေကြောင်း ဒေသခံရွာသားများ၏ သတင်းပေးပို့ချက်အရ သိရပါသည်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)အဖွဲ့မှ ငရိူင်း ဆိုသူမှာ မြဝတီကုန်သွယ်ရေးဇုံကိုဝင်ရောက်တိုက်ခိုက်စဥ်က live လွှင့်တဲ့သူဖြစ်ကြောင်း သတင်းရရှိပါသည်။
ယမန်နေ့အထိ မြဝတီမြို့၊အမှတ် ၄ ရပ်ကွက်၊ တောရဘုန်းတော်ကြီးသို့ မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာမှတိုက်ပွဲရှောင်၍ ရောက်ရှိလာသော ပြည်သူများမှာ အိမ်ထောင်စု ၆၅ စုမှ ကျား ၁၁၈ ဦး၊ မ ၁၃၁ ဦး၊ ပေါင်း ၂၄၉ ဦး၊သံဃာ ၈ပါး၊ ပေါင်း ၂၅၇ဦးတို့မှ ခိုလှုံရောက်ရှိနေထိုင်လျှက်ရှိကြောင်း သိရှိရပါသည်။
#PAN