“ကင်ညာအရှေ့ပိုင်းတွင် အကြမ်းဖက်သမား များက အရပ်သားများကို တိုက်ခိုက်ခဲ့ရာ လူ၅ ဦး သေဆုံးခဲ့ရ”

အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ကင်ညာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသအတွင်းရှိ ရွာနှစ်ရွာတွင် ပြီးခဲ့သည့် ဇွန်လ ၂၆ရက် တနင်္ဂနွေနေ့က အကြမ်းဖက်သမားများ၏ လက်နက်ကိုင် တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် အရပ်သား၅ ဦးထိ သေဆုံးခဲ့ရကြောင်း ကင်ညာ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများသည် ဆိုမာလီယာ နိုင်ငံ နှင့် ကင်ညာနိုင်ငံတို့ကြား နယ်စပ်ခြင်းထိစပ်နေသော Juhudi နှင့် Salama ရွာများတွင် ဖြစ်ပွားခဲ့ရ တာဖြစ်ကြောင်း ကင်ညာ ရဲသတင်း ရင်းမြစ်များက တနင်္ဂနွေနေ့က ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

Al-Shabaabအမည်ရှိ ဂျီဟတ် အုပ်စုတစ်စုသည် ကင်ညာနိုင်ငံ အရှေ့ပိုင်းတွင် အရပ်သားငါးဦးကို သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေများနှင့် ရဲများကို ကိုးကား၍ မီဒီယာများက ဖော်ပြပြောဆိုခဲ့ကြပြီး ဆိုမာလီယာနိုင်ငံ နှင့် ကင်ညာနိုင်ငံတို့ နယ်နမိတ်ချင်း ထိစပ်နေသော ကင်ညာနိုင်ငံ၏ အရှေ့မြောက်ဘက် Lamu ခရိုင်ရှိ အတွင်းရှိ Juhudi နှင့် Salama ရွာများတွင် စနေနေ့ ညနေ ၇:၃၀ နာရီခန့်က တိုက်ခိုက်မှုစတင် ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။

“လူ ၅ဦးထိ သေဆုံးခဲရပါတယ်။ ဓားနဲ့ခုတ်ခံရပြီး ခေါင်းဖြတ်ခံရသူတွေလည်း ရှိတယ်” လို့ ရဲသတင်းရင်းမြစ်တစ်ဦးက မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းဌာန များကဖော်​ပြပြောဆို ထားကြပါတယ်။