သမ္မတ ဂျိုးဘိုင်ဒင် အိန္ဒိယနိုင်ငံတော်သီချင်း စတင်တီးခတ်ချိန် မှားယွင်း အလေးပြုမှုကြောင့် အဆင်မပြေသည့် အခိုက်အတန့်တစ်ခုဖြစ်ခဲ့

ဇွန် ၂၅

     အိန္ဒိယနိုင်ငံ၀န်ကြီးချုပ် Narendra Modi ကို အိမ်ဖြူတော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားတွင် အိန္ဒိယနိုင်ငံတော်သီချင်းကို ဦးစွာတီးမှုတ်စဥ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သံစုံတီးဝိုင်းမှ အမေရိကန်နိုင်တော်သီချင်း
“The Star Spangled Banner”ကို ဦးစွာ တီး မှုတ်ခံရမည်ဟု ထင်မှတ်ခဲ့ပြီး ၎င်း၏လက်ကို နှလုံးသားရှိရာ ရင်ဘတ်သို့ မှားယွင်းစွာ အလေး ပြုမှု ဖြစ်ပေါ်ခဲ့ပါတယ်။

     သမ္မတ ဂျိုးဘိုင်ဒင် အိန္ဒိယနိုင်ငံတော်သီချင်း စတင်တီးခတ်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ ၎င်းအနေနဲ့ အဆင်မပြေသည့် အခိုက်အတန့်တစ်ခု ခံစားရပြီး ၎င်း၏ လက်ကို ရင်ဘတ်မှ ဖြည်း ညှင်းစွာ နှိမ့်ချလိုက်ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ၏ဘေးတွင်ရပ်နေသော Biden သည် သံစုံတီးဝိုင်းမှ “The Star Spangled Banner”  ဦးစွာတီးမှုတ်ခံရမည်ဟု Biden က ယုံကြည်နေပုံရပြီး လက်ကို ရင်ဘတ်သို့ မြှောက်ကာအလေးပြုခဲ့ခြင်း ဖြစ်ပါတယ်။

#PAN