ညောင်လေးပင်မြို့နယ်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုအရ အမြင့် ၁ ပေခွဲ၊ လုံးပတ် ၂ ပေခွဲ ခန့်ရှိ ကော်ပုံးဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းကို အန္တရာယ်ကင်းစွာ ရှင်းလင်းနိုင်ခဲ့

ဇွန် ၂၅

      ပဲခူးတိုင်း​ဒေသကြီး၊ ညောင်လေးပင်မြို့ နယ်၊ ရဲလှကုန်းရွာ၊ ရန်ကုန်-မန္တလေးကားလမ်းအရှေ့ဘက် ၁ ဖာလုံခန့်အကွာရှိ ပေါက်ပင်အောက်တွင် မသင်္ကာဖွယ်ရာ ကော်ပုံး(အစိမ်း) တစ်ပုံး တွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦးမှ လာရောက်သတင်းပေးခဲ့သဖြင့် သွားရောက်ရှင်းလင်းရာ အမြင့် ၁ ပေခွဲ၊ လုံးပတ် ၂ ပေခွဲ ခန့်ရှိ ကော်ပုံးအတွင်း ယမ်းပြင်းများနှင့် ကော့တက်ယမ်းကြိုးများ တပ်ဆင်ထားသော လက်လုပ်မိုင်းကို စစ်ဆေးတွေ့ရှိရကြောင်းနှင့် အဆိုပါ လက် လုပ်ဗုံးကို အန္တရာယ်ကင်းစွာ ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

         မိမိတို့ဒေသ၊ မိမိတို့ပတ်ဝန်းကျင် ငြိမ်းချမ်းသာယာစေဖို့၊ အေးချမ်းစွာနေထိုင်နိုင်ဖို့  အကြမ်း ဖက်သမားများ၏ လှုပ်ရှားသွားလာမှုသတင်းများအား နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့များထံ သတင်းပေးပို့ကူညီ ပေးကြပါရန် နှိုးဆော်အသိပေးအပ်ပါ သည်။

#PAN