ရေဦးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်း သူ PDF များက Drop bomb များ၊ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်၊အပြစ်မဲ့ပြည်သူများ၏ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲ

ဇွန် ၂၅

      ယနေ့ နံနက် ၃ နာရီ ၄၀ မီးနစ်အချိန်ခန့်တွင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူ PDF များက Drop bomb များ၊ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ရာ ရွှေပြည်သာရပ်ကွက် လယ်ကွင်းအတွင်း ၂ လုံး၊အောင်မင်္ဂလာရပ် ဦးသန်းထွန်းအိမ်အနီး ၁ လုံး၊ ရွှေပြည်သာရပ် မိုးယံထီဆိုင်ရှေ့ ၁ လုံး၊ တန့်ဆည်လမ်းမိန်းစတိုးဆိုင်ရှေ့ ၁ လုံး၊ အောင်ချမ်းသာရပ် ဦးဝင်းကျော်ဦးအိမ် ၁ လုံး၊ စုစုပေါင်း ဗုံး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ပါသည်။

      ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် ဦးဝင်းကျော်ဦး နေအိမ် သွပ်မိုးပေါက်ခဲ့ပြီး ၄င်း၏ညီမ မအေးသန်းဦး တွင် နဖူးမှန်စထိမှန်(မစိုးရိမ်ရဒဏ်ရာ)ရရှိခဲ့ကြောင်းသိရှိရပါသည်။

    အကြမ်းဖက်သောင်းကျန်းသူ PDF များအနေဖြင့် ရေဦးမြို့၊ မြို့မရဲစခန်းနှင့် မြောက်ဘက်မြို့ဝင်ဂိတ်တို့ကိုပစ်မှတ်ထား ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း၊ အကြမ်းဖက်များသည် ရေဦးမြို့အရှေ့ဘက်မူး​မြစ်တစ်ဖက်ကမ်း သရက်ပင်စုရွာဘက်မှလည်းကောင်း၊ ရေဦးမြို့အနောက်ဘက် လက်လံတံတားဘက်မှလည်းကောင်း နေရာယူပစ်ခတ်ကြကြောင်း၊ ၎င်းတို့၏ Drop bomb များ၊ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ရာတွင် ရမ်းသမ်းပစ်ခတ်သည့်အတွက် ၎င်းတို့ ပစ်လိုသည့် ပစ်မှတ်ကို မထိဘဲ အပြစ်မဲ့ပြည်သူများ၏ လူနေရပ်ကွက်ထဲကိုသာ ကျရောက်ပေါက်ကွဲကြောင်း မြို့ခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN