ဆိပ်ဖြူမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများဖြစ် ပွား၊ဗုံးတပ်ဆင်စဥ် ပေါက်ကွဲမှုဖြစ်၍ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ  ၃ ဦး သေဆုံး

ဇွန် ၂၅

      ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ချောင်းမကြီးကျေးရွာတွင် ဗုံး၂ လုံးဆက်တိုက်ကွဲခဲ့သည့်အသံကိုကြားရကြောင်း ဒေသခံများထံမှ သိရပါသည်။

   ချောင်းမကြီးကျေးရွာသည် ဆိပ်ဖြူမြို့၏ မြောက်ဘက်တွင် အနီးဆုံးရွာဖြစ်ပြီး ဝါဇီစက်ရုံ​နှင့် ယောချောင်းတဘက်ကမ်းတွင်တည်ရှိသောကျေးရွာဖြစ်ပါသည်။

       အလားတူ ယမန်နေ့ ည ၇ နာရီခွဲအချိန်တွင်ဆိပ်ဖြူမြို့နယ်၊တဲကြီးကျေးရွာတွင် စိုးကိုကို၊၃၂ နှစ်၊(ဘ)ဦးရွှေလှ၊ ကျဘမ်း၊ တဲကြီးရွာနေထိုင်သူ၏နေအိမ်တွင် စိုးကိုကို၊ဖိုးထီ(ခ)ဖြိုးထက်နိုင်၊၂၅ နှစ်၊(ဘ)ဦးဝင်းဌေး၊ ကျဘမ်း၊တဲကြီးရွာနေသူနှင့် ဝင်းကြိုင်၊၂၆ နှစ်၊(ဘ)ဦးစိန်ဝင်း၊ ကျဘမ်း၊ထန်းတောဦးရွာ၊ပေါက်မြို့နယ်တို့ (၃)ဦး နေအိမ်အောက် ကွပ်ပစ်တွင်အရက်ထိုင်သောက်နေပြီး လက်လုပ်မိုင်းအားအသက်သွင်းရာမှ ပေါက်ကွဲမှုဖြစ်ကာ အဆိုပါ ၃ ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပါသည်။

     ၎င်းတို့ ၃ ဦးမှာ ဆိပ်ဖြူမြို့နယ်၊မြောက်ရွာမကျေးရွာ၊ အလိုတော်ပေါက်ဘုရားကုန်းအခြေပြု ၊ ထွန်းနိုင် ခေါင်းဆောင်သော NSP PDF  ဆိပ်ဖြူမြောက်ပိုင်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင် ပတ် သက်ဆက်နွယ်ကြောင်း သတင်းရရှိပါသည်။

#PAN