ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီးကျေးရွာအုပ်စု၊ငါန်းမြာကြီး ရဲစခန်းအား အကြမ်းဖက်အဖွဲ့မှ Drone ဖြင့် Drop Bomb ၅ လုံးချ တိုက်ခိုက်ခဲ့ရာ အရပ် သားပြည်သူများ၏နေအိမ်ဝိုင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့

ဇွန် ၂၄

      ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မန္တလေး တိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီးကျေးရွာအုပ်စု၊ငါန်းမြာကြီး ရဲစခန်းအား အကြမ်းဖက်အဖွဲ့မှ Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ရာ  ဗုံးများမှာ ရဲစခန်းမြောက်ဘက်လမ်းမပေါ်တွင် ၁ လုံး၊ရဲစခန်း၏ အရှေ့မြောက်ဘက်ရှိ ဦးဝဏ္ဏထင်၏ နေအိမ်ဝိုင်းအတွင်း ၁လုံး၊ ဂေါ်ရာ(ခ)ဦးတင်ပြည့် နေအိမ်ဝိုင်းအတွင်း ၁လုံး၊ဦးသက်ထွန်းဦး(မီးသတ်တပ်ဖွဲ့ဝင်)၏ နေအိမ်ဝိုင်းအတွင်း ၁လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သရှိရပါသည်။

       ထိုသို့ ပေါက်ကွဲမှုကြောင့် ဦးဂေါ်ရာ(ခ)ဦးတင်ပြည့် နေအိမ်ဝိုင်းအတွင်းရှိပဲမှော်တိုက် ခေါင်မိုးပျက်စီးခဲ့ကြောင်း၊ ဦးသက်ထွန်းဦး(မီးသတ်တပ်ဖွဲ့ဝင်)၏ နေအိမ်ခေါင်မိုးထိခိုက်ပျက်စီးခဲ့ကြောင်း၊ကျန် ဗုံးပေါက်ကွဲမှုများကြောင့် လူ/အဆောက်အဦးထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း၊ ဒေါ်ညွန့်၏ နေအိမ်ဝိုင်းအတွင်း ဗုံး ၁လုံး ကျရောက်ခဲ့သော် လည်း ပေါက်ကွဲမှု မရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN