နွားထိုးကြီးမြို့နယ်တွင် သာမန်ပြည်သူ ပြည်ခိုင်ဖြိုးဝန်းရံသူ တစ်ဦးကို လူသတ်အကြမ်း ဖက် PDF(စိစစ်ဆဲ)များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၂၄

      ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့် မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ကဒေါင်းကျေးရွာ၏ တောင်ဘက် ကဒေါင်း – ငှက်ပျောအိုင်ကျေးရွာချင်းဆက် မြေသားလမ်းပေါ်တွင် ဦးဇော်ဌေး(ခ)ဘဂျမ်း၊၄၂ နှစ်၊(ဘ)ဦးကုလား၊
ဗမာ/ဗုဒ္ဓ၊သုံးဘီးယာဉ်မောင်း၊ မုဌောကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူကို လူသတ်အကြမ်း ဖက် PDF(စိစစ်ဆဲ)များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးဇော်ဌေး(ခ)ဘဂျမ်းတွင် ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျောပြင်ယာဘက်ခြမ်းဖောက်ဝင်ဒဏ်ရာ ၃ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင်
သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်နေရာ အနီးဝန်း ကျင်တွင် Lugar ကျည်ခွံ ၂ ခု၊ ၅.၅၆ ကျည်ခွံ ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ သေဆုံးသူ အလောင်းကို နွားထိုးကြီးမြို့နယ်ပြည်သူ့
ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

     ဖြစ်စဉ်မှာ ဦးဇော်ဌေး(ခ)ဘဂျမ်းသည် ၎င်း၏ နေအိမ်မှသုံးဘီးယာဉ်ဖြင့် ဝက်လူးနယ်မြေရဲစခန်းပိုင် မကျီးကုန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး အဆက်သွယ်မရရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ
ငှက်ပျောအိုင်ကျေးရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ၎င်း၏ သမီးဖြစ်သူ မအိသဇင်၊၁၈ နှစ်(ဘ)ဦးဇော်ဌေး(ခ)ဘဂျမ်း၊ ၉/ နထက(နိုင်) ၂၃၆၉ဝ၆ ၊ ဗမာ/ဗုဒ္ဓ ၊ မုဌောကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူ၏ ပြောပြချက်အရသိရှိရပြီး Redmi အနက်ရောင် ဖုန်း ၁ လုံး ( တန်ဖိုးငွေ ကျပ်(၂)သိန်းခွဲခန့်)ကို ၎င်းလူသတ်အကြမ်းဖက်သမားများက ယူဆောင် သွားခဲ့ကြောင်း၊ သေဆုံးသူ ဦးဇော်ဌေး(ခ)ဘဂျမ်းသည် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးဖြစ်ကြောင်းနှင့် အမည်မသိ အကြမ်းဖက်အဖွဲ့ကို ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့မှ အခင်းဖြစ်အနီး ပတ်ဝန်ကျင်နေရာများ သို့ လိုက်လံစုံစမ်း ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN