“မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိသော အပျက်အစီးမြင် ကွင်းပြင်တစ်ခုတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ကတည်းက ပျောက်ဆုံးနေသည့် ခရီးသည်ငါးဦး လိုက်ပါခဲ့သော ရေငုပ်သင်္ဘောတစ်စင်းသည် “ကပ်ဆိုးကြီး” ကို ခံစားခဲ့ရကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့”

ဇွန် ၂၃

မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိသော အပျက်အစီးမြင် ကွင်းပြင်တစ်ခုတွင် တနင်္ဂနွေနေ့ကတည်းက ပျောက်ဆုံးနေသည့် ခရီးသည်ငါးဦး လိုက်ပါခဲ့သော ရေငုပ်သင်္ဘောတစ်စင်းသည် “ကပ်ဆိုးကြီး” ကို ခံစားခဲ့ရကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ယနေ့ ဇွန်လ ၂၃ရက်နေ့တွင် ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

သမုဒ္ဒရာအတွင်း နစ်မြုပ်နေသော တိုင်တန်းနစ် သင်္ဘောကြီးအား စူးစမ်း လေ့လာမှု များပြုလုပ်ခဲ့သည့် ရေငုပ်သင်္ဘောပေါ် တွင် ပါရှိသည့် ခရီးသည်များသည် “ဝမ်းနည်းဖွယ်ရာ ပျောက်ဆုံးသွားပါတယ်” လို့ယုံကြည်ကြောင်း အဆိုပါ ရေငုတ်သင်္ဘော ကုမ္ပဏီကြီး အမေရိကန် OceanGate က ထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့်ဇွန်လ ၂၂ရက်နေ့ ကြာသပတေးနေ့တွင် တိုက်တန်းနစ် သင်္ဘောပျက်ကြီးအနီးတွင် တွေ့ရှိခဲ့ရသော အပျက်အစီးများသည် ပျောက်ဆုံးနေသော ရေငုပ်သင်္ဘော၏ အပျက်အစီး များဖြစ်နိုင် ကြောင်း နှင့် အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က သင်္ဘောပေါ်တွင် လူငါးဦးစလုံး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ ပျောက်ဆုံးနေသော အဝေးထိန်း ရေငုတ်သင်္ဘောယာဉ် (ROV)၏ အပျက်အစီး ၅ခုကို တိုက်တန်းနစ်သင်္ဘောပျက်ကြီး၏ ပေ ၁၆၀၀ ခန့်အကွာတွင် တွေ့ရှိခဲ့ရကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

“ပျောက်ဆုံးနေသော ရေငုတ် သင်္ဘော၏ အပျက်အစီးတွေက ပင်လယ်ရေအောက် ရေဖိအားရဲ့ ကပ်ဆိုးကြီးကြောင့် ဆုံးရှုံးပျက်စီးသွားတဲ့ ပုံစံနှင့် ကိုက်ညီနေပါတယ်” လို့အမေရိကန် ကမ်းခြေစောင့်တပ်မှ ရေတပ်ဗိုလ်ချုပ် John Mauger က တရားဝင်ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပြီး မည်သည့်အချိန်တွင် ပေါက်ကွဲပျက်စီးသွားသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ၎င်းက ​ထပ်လောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ် လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုနေကြပါတယ်။