“တန်ဇန်းနီးယားနိုင်ငံ ဗဟိုဘဏ်က နိုင်ငံသားများအတွက် နိုင်ငံခြားငွေဖြင့် ပြည်တွင်းငွေပေးချေမှုများတွင် တားမြစ်ချက်များ ဖောက်ဖျက်ပါက မည်သူကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထား”

ဇွန် ၂၃

အာဖရိကတိုက် အရှေ့ပိုင်းရှိ တန်ဇန်းနီးယားနိုင်ငံ၏ ဗဟိုဘဏ်က နိုင်ငံခြားငွေကို အသုံးပြုခြင်းမပြုကြရန် သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

တန်ဇန်းနီးယားနိုင်ငံ၏ ဗဟိုဘဏ် Bank Of Tanzania (BOT) သည် နိုင်ငံအတွင်း ကုန်သွယ်ရေး ဆိုင်ရာ အရောင်း အဝယ်များ ပြုလုပ်ရန်အတွက် နိုင်ငံခြားငွေကို အသုံးပြုခြင်းမပြုကြရန် တန်ဇန်းနီးယား နိုင်ငံအတွင်းရှိ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ အားလုံးကို ပြီးခဲ့သည့် ဇွန်လ ၂၁ရက် အင်္ဂါနေ့က နိုင်ငံအတွင်းရှိ အများ ပြည်သူများသို့ သတိပေး ချက်ထုတ် ပြန်ခဲ့ တာလည်း ဖြစ်ပါတယ်။

တန်ဇန်းနီးယား နိုင်ငံ အိမ်ခြံမြေစျေးကွက်၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာများ နှင့် ပညာရေးစသည့် အခန်းကဏ္ဍများတွင် ပျံ့နှံ့နေသော နိုင်ငံခြားငွေစီးဆင်းမှုနှုန်း စည်းမျဉ်းများကို တင်းကျပ်သွားရန် ရည်ရွယ်ထားတယ်လို့လည်း BOT ကထုတ် ပြန်ကြေညာခဲ့ တာလည်း ဖြစ်ပါတယ်။

တန်ဇန်းနီးယားနိုင်ငံ၏ နိုင်ငံသားများအတွက် နိုင်ငံခြား ငွေဖြင့် ပြည်တွင်းငွေပေးချေမှုများကို တားမြစ်ရန် ထုတ်ပြန်ခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၏ ကနဦးညွှန်ကြားချက်ကိုများကို ဖောက်ဖျက် ကျူးလွန်သူ မည်သူကိုမဆို အရေးယူ မည်ဖြစ်ကြောင်း တန်ဇန်းနီးယားနိုင်ငံ ဗဟ်ိုဘဏ်က သတိပေး ထုတ်ပြန် ထားပြီး လည်းဖြစ်တယ်လို့ သတင်းဌာနများက ဖော်ပြ ပြောဆိုနေ ကြတာလည်းဖြစ်ပါတယ်။