ဇွန် ၂၃
ဆိုင်ကလုန်း ‘‘မိုခါ’’ဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်ကာ အိန္ဒိယနိုင်ငံ၊ Superior Agro Crops PVT. LTD ၏ ဥက္ကဋ္ဌ Mr. Vikas Gupta မှ ရူပီး (၁၀၀,၀၀၀) အား နယူးဒေလီမြို့၊ မြန်မာသံရုံးသို့ ၂၁-၆-၂၀၂၃ ရက်တွင် လာရောက်ပေးအပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် မှ အလှူငွေများ လက်ခံရယူခဲ့ ပါသည်။
သံအမတ်ကြီးမှ မုန်တိုင်းဒဏ်သင့် ပြည်သူ များအတွက် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးသည့်အတွက် မြန်မာနိုင်ငံအစိုးရ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#PAN