ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ နေအိမ်‌ များအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီး

ဇွန် ၂၃

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဇွန် ၁၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ ဇွန် ၁၉ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၅၀ ဦးခန့်က ကျေးရွာ၏ အရှေ့တောင်ဘက်မှ ရွာအတွင်းသို့ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား အကြောင်းမဲ့ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ PDF အမည်ခံ အကြမ်းဖက် သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ အပြစ်မဲ့အရပ်သား ပြည်သူများ၏ နေအိမ်များအား အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN