အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်သို့ တရုတ်နိုင်ငံ ဝင်ရောက်လက်မှတ်ထိုးသည့် နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဂျကာတာဆွေးနွေးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် အမှာစကားပြောကြား

ဇွန် ၂၃

       အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝင်ရောက်လက်မှတ်ရေးထိုးသည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၂-၆-၂၀၂၃ ရက်တွင် ဂျကာတာမြို့၊ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် ဂျကာတာဆွေးနွေးပွဲသို့ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးအောင်မျိုးမြင့်မှ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

      ဂျကာတာဆွေးနွေးပွဲကို အာဆီယံဆိုင်ရာ တရုတ်အဖွဲ့ရုံးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးမူဝါဒရေးရာ အသိုက်အဝန်းတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီအဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

     မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ဂျကာတာဆွေးနွေးပွဲ၌ အာဆီယံဆိုင်တရုတ်သံအမတ်ကြီး H.E. Hou Yanqi နှင့်အတူ အမှာစကား ပြောကြားခဲ့ပါသည်။

      ဆွေးနွေးပွဲ၌ အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေးဆိုင်ရာ ပညာရှင်များနှင့် ကျွမ်းကျင်သူများက အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်သို့ တရုတ်နိုင်ငံ လက်မှတ်ရေးထိုးသည့်အချိန်မှ ယခုအချိန်အထိ နှစ်(၂၀)ကြာကာလအတွင်း ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ သဘောတူစာချုပ်ကို လက်တွေ့အကောင်အထည်ဖော်ရာ၌ စိန်ခေါ်မှုများနှင့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

******************************

Permanent Representative of Myanmar to ASEAN delivers remarks at the Jakarta Forum on ASEAN-China Relations: Commemorating the 20th Anniversary of China’s Accession to the Treaty of Amity and Cooperation in Southeast Asia
(22 June 2023, Jakarta)

H.E. U Aung Myo Myint, Permanent Representative of Myanmar to ASEAN attended and delivered remarks at the Jakarta Forum on ASEAN-China Relations: Commemorating the 20th Anniversary of China’s Accession to the Treaty of Amity and Cooperation in Southeast Asia which was held at the Shangri-La hotel, Jakarta on 22 June 2023.

Jakarta Forum was co-hosted by the Chinese Mission to ASEAN in cooperation with the Foreign Policy Community of Indonesia (FPCI) and was attended by officials from ASEAN Member States and China, scholars and academics, as well as representatives from the Committee of Permanent Representatives to ASEAN (CPR), and the ASEAN Secretariat.

At the Forum, the Permanent Representative of Myanmar delivered remarks as the Country Coordinator of the ASEAN-China Dialogue Relations, together with H.E. Hou Yanqi, Ambassador of China to ASEAN.

The Forum had two panel discussions where scholars and experts on ASEAN-China Dialogue Relations exchanged views on reflections and inspirations on the 20th Anniversary of China’s Accession to the TAC, as well as on challenges and prospects on the implementation of the TAC.

#PAN