ပေါင်းတည်မြို့နယ်၊လက်ပံခုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကိုPDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ သတ်ဖြတ်

ဇွန် ၂၃

       ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ပဲခူး တိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊  သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ကျေးရွာနှင့် လက်ပံခုန်ကျေးရွာအကြား ကျေးရွာချင်းဆက်လမ်းပေါ်၌ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊လက်ပံခုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးစန္ဒာသီရိ၊သက်တော်(၅၆)နှစ်၊ သိက္ခာတော်(၃၆)ဝါ၊ ၇/ပမန(သ)၀၀၂၆၈၂၊ (ပေါင်းတည်မြို့နယ် သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်)ကို လူသတ်အကြမ်းဖက် PDF ၃ ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

     ဆရာတော် ဦးစန္ဒာသီရိသည် တောင်ခမောက်ရွာမှ ဆွမ်းစားအပြန်တွင် ယခုလို အကြမ်းဖက် သမားများ၏ ပစ်ခတ်မှုကို ခံခဲ့ရကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ဆရာတော် ဦးစန္ဒာသီရိ တွင် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ ဆရာတော်ကို သတ်ဖြတ်သွားသော အကြမ်းဖက်များမှာ ပြည်ခရိုင် PDF အဖွဲ့ဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရကြောင်းကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

#PAN