ဒိုင်ကို ဝေဖန်ဆဲဆိုခဲ့သည့် မော်ရင်ညို ၄ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ


ဇွန် ၂၃
မေလ (၃၁) ရက်က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်မြို့ရှိ Puskas Arena တွင် ကစားခဲ့သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရိုးမားအသင်းဟာ ဆီဗီလာအသင်းကို မိနစ် (၉၀) အတွင်း (၁-၁) ဂိုးဖြင့် သရေကစားနိုင်ခဲ့သော်လည်း ပယ်နယ်တီအဆုံးအဖြတ်တွင် (၁-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်မှာ ကွင်းလယ်ဒိုင် အန်သိုနီတေလာကို ကြမ်းတမ်းသည့်စကားလုံးများဖြင့် ဆဲဆိုခဲ့သည့် ရိုးမာအသင်းနည်းပြ မော်ရင်ဟိုကို ဥရောပပွဲစဉ် (၄)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။
ရိုးမားနည်းပြ မော်ရင်ဟိုဟာ ပွဲချိန်အတွင်း ၎င်း၏ ဆုံးဖြတ်ချက်များကို မကျေမနပ်ဖြစ်ကာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အပြီးမှာလဲ ကားပါကင်အထိလိုက်ပြီး ဒိုင်လူကြီးကို ကြမ်းတမ်းသည့်စကားလုံးများဖြင့် ဆဲဆိုခဲ့ပါတယ်။
အဲဒီအပေါ် ဥရောပဘောလုံးအဖွဲ့ချုပ်က ဆွဲချက်တင်ခဲ့ပြီးနောက် နည်းပြမော်ရင်ညိုကို ဥရောပပွဲ လေးပွဲကို ပွဲပယ်ပြစ်ဒဏ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထို့ကြောင့် မော်ရင်ဟိုအနေဖြင့် လာမည့်ရာသီ ရိုးမားအသင်း၏ ယူရိုပါလိဂ် အုပ်စုပွဲစဉ် (၄) ပွဲကို ကြီးကြပ်ခွင့်ရမည် မဟုတ်ကြောင်း သိရပါတယ်။
Photo : UEFA