ညောင်ဦးမြို့နယ်၊ ညောင်ဦး – မြင်းခြံသွားကားလမ်းဘေး၊ မိုင်တိုင်အမှတ်(၁၅/၆)တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သတ်ဖြတ်ခံရ

ဇွန် ၂၃

      ယနေ့ ည ၇ နာရီ ၁၀ မီးနစ်အချိန်ခန့်တွင် ညောင်ဦးမြို့နယ်၊ ညောင်ဦး – မြင်းခြံသွားကားလမ်းဘေး၊ မိုင်တိုင်အမှတ်(၁၅/၆)တွင်မြင်းခြံကားလမ်းမြောက်ဘက်၊ အုန္နဲချောင်းကျေးရွာအဝင်ဆိုင်းပုဒ်အနီးတွင် နံပါတ်မပါ Dream 110 အနက်ရောင်ဆိုင်ကယ်ဖြင့် ကန်တောကျေးရွာမှ အုန္နဲချောင်းကျေးရွာသို့ မောင်းနှင်လာသော ဦးသိန်းအောင်၊၆၀ နှစ်(ဘ)ဦးထွန်းရင်၊တိုင်းရင်းဆေးဆရာ၊အုန္နဲချောင်းကျေးရွာ၊ ညဥ့်မြို့နယ်နေသူတွင် လည်ပင်း ပြတ်လုနီးပါးပြတ်ရှဒဏ်ရာ
၁ ချက်၊ ဝဲဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရ
သဖြင့် နယ်မြေခံရဲစခန်းက စုံစမ်းစစ်ဆေးမှုများ
ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

     သေးဆုံးသူသည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ပြီး ယခင်က ပါတီစည်းရုံးရေးမှူးဟောင်းနှင့် ယခု ပြည်ခိုင်ဖြိုးပါတီရပ်ကျေးကော်မတီဝင်တစ်ဦးဖြစ်ကြောင်း၊ ယခင် ၂၀၁၀ – ၁၃ခုနှစ်ကြားတွင် ရာအိမ်မှူးတာဝန်ယူခဲ့သူဖြစ်ပါသည်။

     ယခု အခင်းဖြစ်ပွားရာ အနီးပတ်ဝန်းကျင်မှ
USA 380 Auto ကျည်ခွံ ၁ ခု၊ ကျည် ၁ တောင့်တို့ကို တွေ့ရှိရပြီး ည ၇ နာရီ ၃၅ မီးနစ်အချိန်တွင် အမှတ်(၅)အရံ မီးသတ်လူမှုကူညီရေးယာဉ်ဖြင့်
ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ဖြင့်ပစ်ခတ်သွားသူများအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး
ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN