“အာဂျင်တီးနားနိုင်ငံအတွင်း လီီသီယမ် ထုတ်ယူ ရေးမူဝါဒ ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့”

ဇွန် ၂၂

အာဂျင်တီးနား နိုင်ငံ အနောက်မြောက်ဘက်ပိုင်းရှိ San Salvador Jujuy မြို့ အတွင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Gerardo Morales က အာဂျင်တီးနား နိုင်ငံအစိုးရအား အဆိုတင် သွင်းခဲ့သည့် လီသီယမ် ထုတ်ယူရေးမူဝါဒကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့သည့် ဇွန်လ ၂၁ရက် ဗုဒ္ဓဟူးနေ့က Jujuy မြို့ ရဲ့လမ်းတွေပေါ်မှာ အဆိုပါ ဒေသ၏ ဒေသခံ တိုင်းရင်းသား အသိုင်းအဝိုင်းများ နဲ့ လူမှုရေး အဖွဲ့အစည်းတွေက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး စီးနင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

အဆိုပါ ဆန္ဒပြပွဲများ အတွင်း ရဲတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြလူစုလူဝေးမှ ပစ္စည်းတွေဖြင့် ပစ်ပေါက်ခဲ့ကြသည့်အတွက် လူစုခွဲနိုင်ရန် ရဲတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြရပြီး ဆန္ဒပြသူ အများအပြားကို ဖမ်းဆီးထားခဲ့ရတယ်လို့ ဒေသခံ သတင်းဌာန တွေက ဖော်ပြပြော ဆိုထား ကြပါတယ်။

Jujuyမြို့ ၏လမ်းမများပေါ်တွင်ဆရာ/ဆရာမ များ၊ အလုပ်သမား သမဂ္ဂများ နှင့် ပြည်နယ် အလုပ်သမားများက ဦးဆောင်ပြီး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း Jujuyမြို့၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းအစည်းအဝေးတွင် အာဂျင်တီးနား အစိုးရအား တင်ပြထားသည့် အဆိုပြုချက် ၏ တစ်စိတ်တစ်ပိုင်းကိုပြုပြင်ပြောင်းလဲမှုများ မနေ့ညနေကပြုလုပ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Gerardo Moralesက ထုတ်ပြန် ကြေညာ ထားပြီးလည်းဖြစ်ပါတယ်။