ဇွန် ၂၂
မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်ဓားပြတိုက်လုယက်မှုမှ ထွက်ပြေးတရားခံ ဝီလျှံထိုက်၊ နိူင်လင်းအောင်(ခ)ငထိုက်၊ ခိုင်ခန့်ဇော်တို့ ၃ ဦးမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာအုပ်စု၊ အပြောင်ရွာ ၂၅ ပေချောင်းတန်းရှိ ဦးလှသိန်း ပိုင်ဆိုင်သည့် ရဲမာန်ဟိန်းဆန်စက်တွင်ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ ၏ သတင်းပေးမှုအရ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့တို့က ယနေ့ ညနေ ၅ နာရီ ၅၀ မီးနစ်အချိန်တွင် ၀င်ရောက်ရှာဖွေရာ ဆန်စက်ဘေး တဲအတွင်းမှ အဆိုပါ တရားခံ ၃ဉီးနှင့်အတူ SIS ပစ္စတို ၁လက်၊ ကျည်အိမ် ၂ခု၊ Kuzey ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၄၇တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လူသတ်အကြမ်းဖက်အဖွဲ့များကို ပြည်သူလူထုအတွင်း ရောနှော ခြေရာဖျောက်နေကြပြီး ၎င်းတို့ အထက်ပြည်ပရောက် အကြမ်း ဖက်လုပ်ငန်းများကို ညွှန်ကြားနေသည့် NUG ၏ အမိန့်များဖြင့် လက်နက်မဲ့ပြည်သူများကို ပစမှတ်ထား သတ်ဖြတ်နေကြကြောင်း၊ ယခုအခါ အေးချမ်းစွာနေလိုသော ပြည်သူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံတော့ဘဲ ၎င်းတို့၏ သတင်းများကို နယ်မြေခံလုံခြုံရေးအဖွဲ့သို့ ပေးပို့ပြီး ဖမ်းဆီးရမိရေး ဝိုင်းဝန်ကူညီဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။
#PAN