ချဲလ်ဆီးအသင်းက ထွက်ခွာပြီး ဆော်ဒီလိဂ် သို့ ပြောင်းရွှေ့သွားတဲ့ ကန်တေ


ဇွန် ၂၂
ချဲလ်ဆီးအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား အန်ဂလိုကန်တေကို ဆော်ဒီလိဂ်ချန်ပီယံ အယ်အီတီဟတ်အသင်းက ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ကန်တေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ကာ ပေါင် ၈၆ သန်း တန်ကြေးရှိတဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဆော်ဒီအာရေဗျလိဂ်ကို ကန်တေ အပြင် ခရစ္စတီရာနိုရော်နယ်ဒို၊ ဘင်ဇီမာနဲ့ ရူဘင်နီဗက်တို့လည်း ရောက်ရှိလာပြီး တခြား ထိပ်တန်းကစားသမား အများအပြားကိုလည်း ခေါ်ယူဖို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ချိတ်ဆက်နေပါတယ်။