“CNN သတင်းဌာနမှ သတင်းတင် ဆက်သူက အမျိုးသမီးတစ်ဦးကို စည်းရုံးပြီး ၎င်း၏ ကလေးကို မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ သောကြောင့် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံခဲ့ရ”

ဇွန် ၂၁

အမေရိကန် နိုင်ငံ ဗားမောင့်ပြည်နယ်အတွင်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုမှု စွဲချက်များဖြင့် ယမန်နှစ်နှောင်းပိုင်းက ဗဟိုအစိုးရရှေ့နေများကို အသနားခံစာ ပေးပို့ခဲ့သည့် CNN သတင်းဌာန၏ သတင်းတင်ဆက်သူ ဝန်ထမ်းဟောင်း John Griffin အား ပြီးခဲ့သည့် ဇွန်လ ၂၀ရက် အင်္ဂါနေ့တွင် ထောင်ဒဏ် ၁၉နှစ်ခွဲ ချမှတ် ခံခဲ့ရတာလည်းဖြစ်ပါတယ်။

တရားသူကြီး William K. Sessions III က အမေရိကန်နိုင်ငံ New York ပြည်နယ် အတွင်းရှိ Burlington မြို့ ၏ US ခရိုင်တရားရုံးတွင် ကြားနာနေစဉ် Griffin အား စီရင်ချက် ချမှတ်ခဲ့ တာလည်း ဖြစ်ပါတယ်။

ထောင်ဒဏ်အပြင် အသက် ၄၅ နှစ်အရွယ် Griffin ကို ထောင်သက်တန်းပြည့်ပြီး နောက် ၁၅ နှစ်ကြာ ကြီးကြပ်ပြီး မှ လွှတ်ပေးရန်လည်း အထူးအမိန့်ချပေးခဲ့ပြီး လျော်ကြေး ငွေအဖြစ် ကန်ဒေါ်လာ ၁.၁ သန်း ပေးဆောင် ရန်လည်း အမိန့်ပေးခဲ့​ကြောင်း သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။