“Biden က တရုတ် သမ္မတ ရှီ အား အာဏာရှင်ကြီးဖြစ်တယ်လို့ ​လှောင်ပြောင်ပြောဆိုခဲ့”

ဇွန် ၂၁

အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ကို စစ် အာဏာရှင်တစ်ဦးဖြစ်တယ်လို့ ပြီးခဲ့သည့် ဇွန်လ ၂၀ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ တာဖြစ်ပါတယ်။

မကြာသေးမီက အမေရိကန်နိုင်ငံ အတွင်း တရုတ် သူလျှို မီးပုံးပျံတစ်ခု လွှင့်တင်ခဲ့မှု ကိစ္စ နှင့် ပတ်သတ်ပြီး တရုတ်သမ္မတ ရှီ ၏ လုပ်ရပ်များကို အလွန်အရှက်မိကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Antony Blinken၏ တရုတ် – အမေရိကန် နှစ်နိုင်ငံကြား တင်းမာမှုများကို ဖြေလျှော့နိုင်ရန် ရည်ရွယ်သည့် တရုတ်နိုင်ငံခရီးစဥ်အတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီ နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး ၁ရက်အကြာတွင် အဆိုပါ မှတ်ချက်ကို အမေရိကန် သမ္မတ Biden က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် အတွင်း ပြုလုပ်ခဲ့သည့် ရန်ပုံငွေပွဲ တစ်ခုတွင် ပြောကြားခဲ့တာဖြစ်ပြီး “ရှီကျင့်ဖျင် က အဲဒီမီးပုံးပျံထဲမှာ ဘောက် ၂ခုစာ လောက်ပါရှိတဲ့ သူလျှို ကိရိယာ တွေအပြည့်ပါတဲ့ သူလျှို မီးပုံးပျံကို ပစ်ချလိုက်တာနဲ့ ပတ်သက်ပြီး ရှီကျင့်ဖျင် အတွက် အရမ်းစိတ်မကောင်းဖြစ်မိခဲ့ရတဲ့ အကြောင်းရင်းကို ဒီနေရာကနေ ပြောချင်ပါတယ်” လို့ ဘိုင်ဒန်က အဆိုပါ ရန်ပုံငွေပွဲတွင် ပြောကြားခဲ့လည်း တာဖြစ်ပါတယ်။

ထို့နောက် “ဒါက အာဏာရှင်တွေအတွက် ရှက်စရာကြီးပါ ” လို့ သမ္မတ ဘိုင်ဒင်က ထပ်လောင်းပြောကြားခဲ့တာဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုနေကြပါတယ်။