ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျောင်း သား/သူများ မြို့ပေါ်ရှိ စာသင်ကျောင်းများတွင် တက်ရောက်နေမှုကို အကြမ်းဖက်သောင်းကျန်း သူ KIA-PDF များက ခြိမ်းခြောက်

ဇွန် ၂၁

       ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်
ရှိ ကျေးရွာများမှ ကျောင်းသား/သူများသည်
ကျေးရွာများရှိ စာသင်းကျောင်းများ လုံခြုံရေး
အရမဖွင့်လှစ်နိုင်သောကြောင့် မြို့ပေါ်ရှိ စာသင်
ကျောင်းများတွင် မိဘများက ဒုက္ခခံပြီးကျောင်း
ထားကျောင်းတက်စေခဲ့ကြကြောင်း သိရှိရပါ သည်။

       မြို့ပေါ်ရှိကျောင်းများမှာလည်း ကျေးရွာများမှ ကျောင်းလာတက်ကြ သောကျောင်းသား/သူများကို အဆင်ပြေစွာ စာသင်ကြားနိုင်အောင် ကူညီဆောင်ရွက်ပေးနေကြောင်း၊ သို့သော်လည်း ကျေးရွာများမှ စာသင်ကြားလာသောကျောင်းသူ /သားများကို မြို့ပေါ်တက်စာသင်ကြာမှုမပြုရန် အကြမ်းဖက်သောင်းကျန်းသူ KIA-PDF များက ကျေးရွာများရှိကျောင်းသားမိဘများကို ဖိအားပေးအကြပ်ကိုင်ပြီး မြို့ပေါ်တက်ကျောင်းထားလျှင် ကျေးရွာအတွင်းမှ ထွက်သွားရန်၊ ကျေးရွာကို မပြန်လာရန်နှင့် မြို့တွင် ကျောင်းထားသောကျောင်းသားများကို ပြန်ခေါ်ပြီး ၎င်းတို့ဖွင့်သော NUG စာသင်ကျောင်းများတွင်သာထားရန် ထို့ကဲ့သို့မပြုလုပ်လျှင် အသတ်ကို အာမခံမပေနိုင်ကြောင်း‌ စသည်ဖြင့် ခြိမ်‌ခြောက်ပြီး တစ်ရွာဝင်
တစ်ရွာထွက်၍ PDF ခေါင်းဆောင် မိုးကြိုးမှ လိုက်လံခြိမ်း‌ခြောက်နေကြောင်း သတင်းရရှိပါ သည်။

      ယနေ့ နေ့ လည်ပိုင်အချိန်တွင် မြို့ကျောင်းမှ တက်ရောက်ပြီး ပြန်လာသော ဆင်တပ်ကျေးရွာမှ ကျောင်းသား/သူများကို PDF များက ရိုက်နှိက်ခဲ့ကြောင်း ကျောင်းသာမိဘတစ်ဦးမှ PANသို့ ပြောကြားလာခဲ့ပါသည်။

#PAN