တောင်သာမြို့နယ်ဘတောင်သာ-နွားထိုးကြီးသွားကားလမ်းမှ ဇရပ်ကြီးကျေးရွာသို့သွားသည့် မြေသားလမ်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

ဇွန် ၂၁

     ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊တောင်သာ-နွားထိုးကြီးသွားကားလမ်းမှ ဇရပ်ကြီးကျေးရွာသို့သွားသည့် မြေသားလမ်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၄၀နှစ်ခန့်၊အမည်မသိ အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

      သေဆုံးသူမှာ အပေါ်ခန္ဓာဗလာကျင်းနေပြီး ပလက်အနေထားဖြင့်  နောက်ကျော ဘယ်ဘက်မှဘယ်ဘက်ရင်ဘတ်သို့ ဖောက်ဝင်/ဖောက်ထွက် ဒဏ်ရာ ၂ချက်ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ သေဆုံးသူမည်သူမည်ဝါဖြစ် သည်နှင့် အကြမ်းဖက်သတ်ဖြတ်သူများကို ဖမ်းဆီးရမိရေးအတွက် နယ်မြေရဲစခန်းက စုစမ်းစစ်ဆေး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN