သံဖြူဇရပ်မြို့နယ်၊ မော်လမြိုင်-ထားဝယ်သွား ကားလမ်းမကြီးပေါ်၌ အကြမ်းဖက်သောင်းကျန်း သူ KNU /PDF ပူးပေါင်းအဖွဲ့က ခရီးသွားမော်တော်ယာဉ်များကို တားဆီး ရပ်တန့်ခိုင်းပြီး စစ်ဆေး

ဇွန် ၂၀

     ယနေ့ နံနက် ၁၀ နာရီခွဲချိန်ခန့်တွင် မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရွာသာအေးကျေးရွာ နှင့် ပိန္နဲတောကျေးရွာကြား  မော်လမြိုင်-ထားဝယ်သွား ကားလမ်းမကြီးပေါ်၌ ပိန်နဲတောကျေးရွာ
ဘက်မှလာသည့် အကြမ်းဖက်သောင်းကျန်းသူ KNU /PDF ပူးပေါင်းအင်အား ၄၀ ဦးခန့်သည် ယူနီဖောင်းဝတ်၊ လက်နက်ကိုယ်စီ ကိုင်ဆောင်ကာ  ခရီးသွားမော်တော် ယာဉ်များ တားဆီး ရပ်တန့်ခိုင်း၍ မှတ်ပုံတင်စစ်ဆေးခြင်း၊ တပ်/ရဲ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပါရှိမှုရှိမရှိ တို့အား စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းနောက် ၁၃၀၀နာရီတွင် အကြမ်းဖက်အဖွဲ့သည် ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးလမိုင်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

#PAN