ဇွန် ၂၀
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးကို ယမန်နေ့ ည သန်းခေါင်ကျော်
၁၂ နာရီ ၄၀ မီးနစ်အချိန်ခန့်တွင် မသမာသူအဖွဲ့က
အလစ်အငိုက်ရယူပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပတ်ဝန်း ကျင်ပြည်သူများနှင့် တာဝန်ရှိသူများ၏ ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့် ယနေ့ နံနက် ၁ နာရီ ၅၀ မီးနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် အပေါ်ထပ်အတွင်းပိုင်းအားလုံး မီးလောင်ကျွမ်းသွားပြီး လူ အထိခိုက်မှုမရှိကြောင်း၊ မည်သည့်အဖွဲ့က ယခုလိုမီးရှိုးဖျက်ဆီးသည်ကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သတင်ရရှိပါသည်။
အဆိုပါ မြို့နယ်ပညာရေးမှူးရုံးသည် PDF
အကြမ်းဖက်လူသတ်အဖွဲ့က ယခင်ကျောင်းမဖွင့်မီက လက်ပစ်ဗုံး/မိုင်းဖြင့်ကျောင်းမဖွင့်နိုင်ရန် ၂ ကြိမ်ခန့် နှောက်ယှက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။
#PAN