“အိန္ဒိယဝန်ကြီးချုပ် ၏ အမေရိကန်နိုင်ငံ ခရီးစဥ်အတွင်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ် နေသော လက်ရှိအခြေအနေများကို ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ကမ်းလှမ်းချက်ကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချငြင်းဆိုခဲ့”

ဇွန် ၂၀

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက မြန်မာနှင့် အိန္ဒိယတို့ နှစ်နိုင်ငံ ဆက်ဆံရာတွင် ၎င်းတို့ ‘မူဘောင်’ သည် အမေရိကန်နိုင်ငံ နှင့် ကွဲပြားမှုများစွာရှိကြောင်း အိန္ဒိယနိုင်ငံက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi ၏ ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်တွင်မြန်မာနိုင်ငံအတွင်းရှိ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ကမ်းလှမ်းချက်များကို ပြီးခဲ့သည့် ဇွန်လ ၁၉ရက် တနင်္လာနေ့က အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ငြင်းဆိုကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Vinay Mohan Kwatra က မြန်မာနိုင်ငံအပေါ် အိန္ဒိယနိုင်ငံ၏ ချဉ်းကပ်မှုများသည် ၎င်းတို့နိုင်ငံ၏ ကြီးမားသော နယ်စပ်မျဉ်းများ နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်သောကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ ချဥ်းကပ်မှု နှင့် အိန္ဒိယနိုင်ငံမှ ချဥ်းကပ်မှုတို့သည် သိသိသာသာ ကွာခြားမှုများရှိကြောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် အမေရိကန် အပါအဝင် အနောက်နိုင်ငံ တွေက မြန်မာ စစ်တပ်ဦးဆောင်တဲ့ အစိုးရနဲ့ ၎င်းတို့နှင့် ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းများ ကို ပိတ်ဆို့အရေးယူထားကြပေမယ့် အိန္ဒိယဟာ မြန်မာနိုင်ငံအတွက် နိုင်ငံ့စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမှာလည်းဖြစ်တယ်လို့ ၎င်းက ထပ်လောင်း ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံပါဝင်သော Quadrilateral Security Dialogue (Quad) အဖွဲ့ဝင်ကြီး၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သော အမေရိကန်နိုင်ငံ က မြန်မာ နိုင်ငံအတွင်း ပိုမိုဆိုးရွားလာသော နိုင်ငံရေး အခြေအနေများ၊ စီးပွားရေးအခြေအနေများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမို ဖြစ်ပေါ်လာ နိုင်စေရန်အတွက် မြန်မာ့တပ်မတော်ကို အပြစ်တင်နေကြတာဖြစ်ပြီး Quad အဖွဲ့ဝင် နိုင်ငံများ နှင့် အာဆီယံ အဖွဲ့အစည်းတို့ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းများ ဖြေရှင်းနိုင်ရန် ကြိုးပမ်းလာမှုများကို အိန္ဒိယနိုင်ငံက ထောက်ခံကြောင်း ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။