လပွတ္တာမြိုနယ်တွင် ပန်းသပိတ် ပြုလုပ်ပြီးလူမှုကွန်ယက်တွင် တင်ခဲ့သော အမျိုးသမီး ၅ ဦးကို ပုဒ်မ ၅၀၅−က ဖြင့်အမှုဖွင့်အရေးယူ

ဇွန် ၂၀

    ယမန်နေ့ ည ၉ နာရီ ၄၀ မီးနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာမြိုနယ်၊ ပိုး လောင်းကျေးရွာအုပ်စု၊ အမှတ်(၇)ရပ်ကွက်၊ ဘောလုံးကွင်း ဒေါ်ဝင်းစန်း၊ ဒေါ်စိုးစိုး၊ ဒေါ်သင်းသင်းစိုး၊ မမီးမီး၊ ဒေါ်ညွန့်ညွန့်လှိုင်တို့ ၅ ဦးသည်  ပန်းများကိုင်ဆောင်ပြီး ပန်းကိုယ်စီပန်လျှက် လမ်းလျှောက်ကာ ပန်းသပိတ် ပြုလုပ်ခဲ့ကြပြီး ဘောလုံးကွင်းအစပ် ညောင်ပင်အောက်တွင် ခွပ်ဒေါင်းသီချင်းဖြင့် Tiktok ရိုက်၍ မမီးမီးကိုင်ဆောင်သည့် ဖုန်းအတွင်းရှိ @heinminsoe Tiktok အကောင့်မှ အွန်လိုင်းပေါ်တင်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုကဲ့သို့ လူမှုကွန်ယက်တွင် တင်ခဲ့ခြင်းကြောင့် လုံခြုံရေးတာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်စေသည့်အပြင် နိုင်ငံတော်အားအကြည် အညိုပျက်ပြားစေရန်နှင့် ပြည်သူလူထု၏ယုံကြည်မှုပျက်ပြားစေရန် အထိတ်တလန့်ဖြစ်စေရန် အကြံနှင့်ပြုလုပ်ခဲ့သူများဖြစ်ကြသော ဒေါ်ဝင်းစန်း၊ ၄၈ နှစ်၊(ဘ)ဦးသိန်းလှိုင်၊ ၁၄/လပတ(နိုင်) ၃၂၃၃၂၁၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ (၇)ရပ်ကွက်၊ ပိုးလောင်းကျေးရွာ အုပ်စု၊ ဒေါ်စိုးစိုး၊ ၄၉ နှစ်၊ (ဘ)ဦးတင်ဝင်း၊ မပတ မမှတ်မိ ၊ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ (၄)ရပ် ကွက်၊ပိုးလောင်းကျေးရွာအုပ်စု၊ သင်းသင်းစိုး၊ ၅၁ နှစ်၊(ဘ)ဦးကျော်မြင့်၊ ၁၄/ပစလ(နိုင်) ၀၂၈၁၁၂၊ ၊ဗမာ/ဗုဒ္ဓ၊ဈေးရောင်း၊(၄)ရပ်ကွက်၊ ပိုးလောင်းကျေးရွာအုပ်စု ၊   မမီးမီး၊ ၃၀ နှစ်၊ (ဘ)ဦးခင်ဝင်း၊ ၁၄/မမန(နိုင်) ၂၉၆၄၂၇၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ (၇)ရပ်ကွက်၊ ပိုးလောင်းကျေးရွာ အုပ်စု၊ ညွန့်ညွှန့်လှိုင်၊ ၅၄ နှစ်၊(ဘ)ဦးအုန်းလှိုင်၊ ၁၄/လပတ (နိုင်)၁၀၀၉၄၃ ၊ဗမာ/ဗုဒ္ဓ၊ဈေးရောင်း ၊ (၁)ရပ်ကွက်၊ ပိုးလောင်းကျေးရွာအုပ်စုနေ သူတို့ ၅ ဦးကို လပွတ္တာမြိုမရဲစခန်း၌  ဖမ်းဆီးပြီး ၁၆/ ၂၀၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅−က ဖြင့် ယနေ့ ညနေ ၄ နာရီခွဲအချိန်တွင် အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN