ရေးမြို့နယ်အတွင်း ကျေးရွာအရံမီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို အကြမ်းဖက်သောင်းကျန်း သူ ရေးဘီလူးအဖွဲ့က အခကြေးငွေယူ သတ်ဖြတ်

ဇွန် ၂၀

    ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မွန်ပြည်နယ်၊
ရေးမြို့နယ်၊ ကျောက်မိချောင်း (တောင်)ကျေးရွာနေ ဦးရဲနိုင်ဝင်း၊ ၅၉ နှစ်ကို ၎င်း၏နေအိမ်၌ အကြမ်းဖက်သောင်းကျန်းသူ ရေးဘီလူးအဖွဲ့က လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

       ဦးရဲနိုင်ဝင်းသည် ယခင်က ကျေးရွာအရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခင်းမဖြစ်မီ ရက်အနည်းငယ်က ၎င်း၏ခြံမြေကိစ္စဖြင့် အမည်မသိလူတစ်ဦးနှင့် စကားများခဲ့ပြီးနောက် ယခုဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

      အကြမ်းဖက် ရေးဘီလူးအဖွဲ့သည် ရေးမြို့ နယ်၌ ၎င်းတို့အား အခကြေးငွေပေး၍ လူသတ်ရန်စေခိုင်းပါက အကြမ်းဖက်သတ်ဖြတ်ခြင်းများ ပြုလုပ်ပေးလေ့ရှိကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

#PAN