မင်္ဂလာဒုံမြို့နယ်တွင် ဗိုလ်ကြီးအငြိမ်းစား တစ်ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၂၀

        ယမန်နေ့ ညနေ ၆ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ လမ်းသွယ်(၁)၊ အမှတ်(၂၀) နေအိမ်ရှေ့၌ ဦးရဲနိုင်(၄၆)နှစ်(ဘ)ဦးရွှေ(ဗိုလ်ကြီး-ငြိမ်း၊ YACL ကုမ္ပဏီ အထွေအထွေမန်နေဂျာ)သည် အပြင်မှ NPW 3R-7503 Toyota Rush အနက်ရောင်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့ ခြံစည်းရိုးဝင်/ထွက်တံခါးအနီးအရောက်၌ ဆိုင်ကယ် ၁ စီးဖြင့် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် NPW 3R-7503 ယာဉ်၏ ဝဲ/ယာ ရှေ့လေကာမှန် ၂ ချပ် ကွဲအက်ပျက်ဆီးခဲ့ပြီး ဦးရဲနိုင် ၌ ဒဏ်ရာ (စိစစ်ဆဲ/စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM ကျည်ခွံ ၉ ခု(အမျိုးအစားစိစစ်ဆဲ)ကို တွေ့ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဦးရဲနိုင် ကို ဆရက(၁/၁၀၀၀)သို့ ပို့ဆောင်ခဲ့ရာ ဆေးရုံသို့ ရောက်ရှိစဉ် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်ရပ်အား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်းနှင့် တရားခံဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN