အောင်လံမြို့နယ်၊မြို့နယ်လျှပ်စစ်ရုံးခြံစည်းရိုးအုတ်တံတိုင်းအနီးတွင် လက်လုပ်မိုင်း ၂ လုံးတွေ့ရှိ

ဇွန် ၁၉

    ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ် တရော်ကုန်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး အနောက်ဖက်ခြမ်း ခြံစည်းရိုးအုတ်တံတိုင်းအနီးတွင် လက်လုပ်မိုင်း ၂ လုံးတွေ့ရှိကြောင်း သိရှိရပါသည်။

      အဆိုပါ မိုင်းတွေ့ရှိရာနေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ အလျား၂၄ လက်မ၊အချင်း ၃ လက်မရှိ သံပိုက် လုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း၂ လုံးကို ဆိုင်ကယ်ဘက္ထရီ(၁၂-V)တစ်လုံအား ဝါယာကြိုးနီ၊နက် ၁ ပေခန့်တို့ဖြင့် ချိတ်ဆက်ထားသည်ကို တွေ့ရှိရပါသည်။

        နယ်မြေခံလုံခြုံရေးအဖွဲ့က ၎င်း မိုင်း၂ လုံးအား သက်မဲ့ပြုလုပ်၍ သိမ်းဆည်းသွားကြောင်းသတင်းရရှိပါသည်။

#PAN