အဘိဓမ္မာစာမေးပွဲ ဖြေဆိုအောင်မြင်သူများအား  ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ဇွန် ၁၉

    အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ဓမ္မဝိဟာရီဗုဒ္ဓဘာသာ သင်တန်းကျောင်း (Dhammavihari Buddhist Studies) တွင် ၁၈-၆-၂၀၂၃ က ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ်၊ အဘိဓမ္မာစာမေးပွဲ (Level-1  နှင့် Level-2) ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်သည့် အခမ်းအနားသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ပါသည်။

        အခမ်းအနားသို့ အဘိဓမ္မာတရားတော်နှင့် ဗုဒ္ဓဘာသာ အခြေခံတရားတော်များအားသင်ကြားပို့ချနေသည့်  ဓမ္မဝိဟာရီ ဗုဒ္ဓဘာသာ ကျောင်းထိုင်ဆရာတော် အရှင်ခေမိန္ဒ၊ သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Drs. Supriyadi, M.Pd. ၊ ဂျကာတာမြို့၊ မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများ၊ အဘိဓမ္မာစာမေးပွဲ ဖြေဆိုအောင်မြင်သူများနှင့် ထေရဝါဒ ဗုဒ္ဓဘာသာကို လေ့လာသင်ကြားနေသည့် အင်ဒိုနီးရှားနိုင်ငံသားများ စုစုပေါင်း (၃၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

        အခမ်းအနားတွင် သံအမတ်ကြီး ဦးအောင်မျိုးမြင့် မှ ၂၀၂၂ ခုနှစ်၊ အဘိဓမ္မာ စာမေးပွဲ ဖြေဆိုအောင်မြင်သူ Level-1  မှ ၂၈ ဦးနှင့် Level-2 မှ ၁၅ ဦး စုစုပေါင်း (၄၃) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

       အလားတူ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် ၁၇-၆-၂၀၂၃ ရက်တွင် Vihara Jakarta Dhammacakka Jaya ၌ ကျင်းပသည့် ဗုဒ္ဓပူဇနိယ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဆရာတော် သံဃာတော်အပါး (၂၀) ၊ မြန်မာသံရုံးမိသားစုနှင့်အတူ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးများနှင့် သံရုံးအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာဝင် အင်ဒိုနီးရှားနိုင်ငံသားများ စုစုပေါင်း (၅၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

#PAN