ရေစကြိုမြို့နယ်အတွင်းရှိ စာသင်ကျောင်းများကို ဆက်လက်၍ မဖွင့်လှစ်နိုင်ရန် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဆရာ/ဆရာမများကို ဖမ်းဆီး၊ခြိမ်းခြောက်စာများ ဖြန့်ဝေ

ဇွန် ၁၉

    ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြူရွာအုပ်စု၊ဆင်ကြို့(အထက ခွဲ)ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများကို သတ်ဖြတ်ဖမ်းဆီးရန် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များ ရောက်ရှိလာခဲ့ကြကြောင်း သိရှိရပါ သည်။

     အကြမ်းဖက် PDF များက  ဝိုင်းတံခါးရှေ့မှ သေနတ်သံများ ပစ်ဖောက်ပြီး လာခြင်းကြောင့် ကျောင်းဝိုင်းအတွင်း ညအိပ်နေထိုင်သော ဆရာ/ဆရာမများသည် ကျောင်း၏ နောက်ဖေးအပေါက်မှ ထွက်ပြေးခဲ့ခြင်းကြောင့် ဖမ်းဆီးမခံရဘဲ လွတ် မြောက်ခဲ့ကြောင်း သိရှိရပါသည်။

   ရေစကြိုမြို့နယ် တောင်ဘက်အခြမ်း (၂၀၂၃ – ၂၀၂၃)ပညာသင်နှစ်အတွက် ဖွင့်လှစ်သော ကိုရင့်ကျေးရွာ၊ ရပ်သာကျေးရွာ၊ ရပ်သာကျွန်းကျေးရွာများရှိ စာသင်ကျောင်းများကို ဆက်လက်၍ မဖွင့်လှစ်ရန် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများက ခြိမ်းခြောက်စာများ ဖြန့်ဝေနေပါကြောင်း သတင်းရရှိပါသည်။

#PAN