သံတောင်မြို့နယ်၊ဘောကထနယ်တွင်KNU နှင့် PDF အကြမ်းဖက် ၄ ဦးနှင့် တပ်မတော်လုံခြုံရေးအဖွဲ့တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွား

ဇွန် ၁၈

     ယမန်နေ့က ကရင်ပြည်နယ်၊သံတောင်မြို့နယ်၊ဘောကထနယ်၊ မိအိကြီး-ကျွဲကျသွား တောလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးဖြင့်  KNU နှင့် PDF အကြမ်းဖက် ၄ ဦးနှင့် တပ်မတော်လုံခြုံရေးအဖွဲ့တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

        ထို တွေ့ဆုံတိုက်ပွဲတွင် တပ်မတော်လုံခြုံရေးအဖွဲ့က KNU/PDF  ၂ လောင်း၊အမ်(၁၆)သေ နတ် ၁ လက်၊ အမ်(၄)သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၈၃ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ဆိုင်ကယ် ၁ စီး တို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဖက်မှ စစ်သည် ၁ ဦးကျဆုံးခဲ့ကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN