ဇွန် ၁၈
ယနေ့ ညနေ ၆ နာရီခွဲအချိန်က မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့နယ်၊တောင်စွန်းကျေးရွာအုပ်စု၊ ရွှေကန်နောင်ရပ်ကွက်ရှိ အောင်ဆန်းမြို့သစ်တွင် PDF အမည်ခံအကြမ်းဖက်များက အောင်ဆန်းမြို့သစ်ရှိမြေယာစီမံကိန်း(ခေတ္တရုံး)၏ရေကန်အနီးတွင် လက်လုပ်မိုင်းဖြင့်လာရောက်ဖောက်ခွဲခဲ့ရာ မြေယာစီမံကိန်းရုံးအဆောက်အဦမှာ ပျက်စီးသွားပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။
မြေယာစီမံကိန်းရုံးတွင် နောက်ထပ်လက်လုပ်မိုင်း ၃ လုံးထပ်မံတွေ့ရှိခဲ့သဖြင့် ဘီးလင်းမြို့နယ်လုံခြုံရေးတပ်ဖွဲ့များရောက်ရှိလာပြီး ၎င်းဗုံးများအား သက်မဲ့ပြုလုပ်ပေးခဲ့ကြောင်း၊ အဆိုပါ မြို့သစ်စီမံကိန်း(ခေတ္တရုံး)ကို PDF အမည်ခံအကြမ်းဖက်သမားများက ယခုတစ်ကြိမ်အပါ အဝင် ၃ ကြိမ် လာရောက်ဖောက်ခွဲခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN