မြန်အောင်မြို့နယ်၊အင်ပင်မြို့၊လောကမာရဇိန်ကျောင်းတိုက်တွင် မီးလောင်းကျွမ်းမှု ဖြစ်ပွား၊ နှစ်ထပ်ကျောင်းဆောင် တစ်လုံးဆုံးရှုံးခဲ့

ဇွန် ၁၈

       မြန်အောင်မြို့နယ်၊အင်ပင်မြို့၊အမှတ်(၁) ရပ်ကွက်ရှိ လောကမာရဇိန်ကျောင်းတိုက်တွင် ယနေ့ နံနက် ၉ နာရီ ၃၅ မီးနစ်မှ စတင်၍ မီး လောင်ကျွမ်းခဲ့ရာ ၁၀ နာရီ ၁၅ မီးနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရပါသည်။

      အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်ကျောင်းဆောင်(သစ်သားအုတ်ညှပ်) ​တစ် လုံး မီးလောင်ဆုံးရှုံးသွားကြောင်း၊ အင်ပင်မြို့တွင် ရေဂါလံ ၄၀၀ ပါ မီးသတ်ကားတစ်စီးသာရှိသဖြင့် ကျောင်းဆောင်တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့ရကြောင်း၊ မီးစတင်လောင်ကျွမ်းသည့်  အကြောင်းအရင်းကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN