မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေသတင်းထူးများ

ဇွန် ၁၈

    မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အတွင်း ပုသိမ် – မုံရွာ လမ်းပေါ် ရှိ မိုင်တိုင်အမှတ်၂၉၅ နှင့်၂၉၆ ကြား ရှိတံတားအမှတ် ၃/၂၉၆ ကျုံးချောင်းတံတားကို ယနေ့  နံနံက် ၁၀ နာရီခွဲအချိန်ခန့်တွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက မိုင်းထောင် ဖောက်ခွဲခဲ့ရာ တံတား ပျက်စီးမှု ရှိခဲ့ကြောင်း သိရပါသည်။

      အလားတူ ယနေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က ပေါက်မြို့တောင်ဘက်၊ ဘိုးဘွားရိပ်သာဘုန်းကြီး ကျောင်းအနီး၊ ယာတောများမှနေ၍ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေအဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး မိနစ်၃၀ခန့်ကြာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမူတော့မရှိကြောင်း သတင်းရရှိပါသည်။

#PAN