တောင်သာမြို့နယ်တွင် ဆရာတော် တစ်ပါးကိုလူသတ်အကြမ်းဖက် PDFများက အကြောင်းမဲ့ဓါးဖြင့်ခုတ်၊သေနတ်ဖြင့်ပစ်သတ်

ဇွန် ၁၇

      မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့၊အမှတ် (၆)ရပ်ကွက်၊ရေဝန်းကျောင်းမှ ဆရာတော် ဦးဇောတိက၊ ၅၁နှစ်၊(ဘ)ဦးစံရွှေ၊သာသနာမှတ်ပုံတင်အမှတ် ၉/တသန(သ) ၀၀၁၂၈၄ သည် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် ၎င်း၏ကျောင်းမှ တစ်ပါးတည်း ယာဥ်အမှတ် YGN-RLG/5707 ယာဥ်ဖြင့် မောင်းနှင်ထွက်သွားပြီး ယနေ့ ၅ နာရီအချိန်ထိ ကျောင်း တိုက်သို့ ပြန်ရောက်မလာကြောင်း၊ နယ်မြေခံလုံခြုံရေးအဖွဲ့က သတင်းအရ အခင်းဖြစ်နေရာသို့ ယနေ့ နံနက် ၅ နာရီအချိန်တွင် သွားရောက်စစ်ဆေးမှ ဆရာတော် ဦးဇောတိကသည် ၎င်း၏မော်တော်ယာဥ်ဘေးတွင် ယာ-ပါးပြင် ၄လက်မခန့် ပြတ်ရှဒဏ်ရာ ၁ချက်၊ဦးခေါင်း ယာဘက်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နားထင် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ သင်္ကန်းဝတ်ဖြင့် ပက်လက်ပျံလွန်တော်မူနေကြောင်း သိရှိရပါသည်။

        ဖြစ်စဥ်ကို စုံစမ်းရာ ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ဇရပ်ကြီးကျေးရွာအုပ်စု၊ထန်းပင်ကန်ကျေးရွာအဝင် ဇရပ်ကြီး-ထန်းပင်ကန်သွား ကားလမ်းပေါ်တွင် လူသတ်အကြမ်းဖက် PDF ၆ ဦးက ဆရာတော် ဦးဇောတိက မောင်းနှင်သည့် မော်တော်ယာဥ်ကိုတားကာ ဓါးဖြင့်ခုတ်၊သေနတ်ဖြင့်ပစ်သတ်သွားပြီး ဇမ္ဗူသီရိကျေးရွာဘက်သို့ ဆိုင်ကယ် ၃ စီးဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

     တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အပြစ်မဲ့အရပ်သားပြည်သူတွေသာမက ယခုလို ဆရာတော်၊သံဃာတော်များကိုပါ ပစ်မှတ်ထား သတ်ဖြတ်နေကြကြောင်း သိရှိရပါသည်။

#PAN