ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်ခဲ့သော ၆၀ မမ ဗုံးသီး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဇွန် ၁၇

      ယမန်နေ့ ည ၁၀ နာရီ ၅၀ မီးနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်ကြီး၊ သုံးအိမ်စုကျေးရွာလမ်း ဆုံသို့ အကြမ်းဖက်သောင်းကျန်းသူ PDF  ခေါင်း ဆောင်(စိစစ်ဆဲ)အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၆ ဦးခန့်မှ ဆိုင်ကယ်နံပါတ်/အမျိုးအစား(စိစစ်ဆဲ)အနက်ရောင် ၂ စီးဖြင့်ရောက်ရှိလာပြီး ၎င်းနေရာမှ သိမ်ဇရပ်ရဲစခန်းကို  ၆၀ မမ ဗုံးသီး ၃ လုံးဖြင့်ပစ်ခတ်ခဲ့ရာ အမှတ်(၁)ရပ်ကွက်ကြီး၊ ရွာလေးကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။

အဆိုပါ ပစ်ခတ်လိုက်သော ဗုံးသီးများအနက်မှ တစ်လုံးမှာ ဒေါ်အေး အေးနွယ်၊၃၈ နှစ်၊(ဘ)ဦးချစ်လွင်၊ ဗမာ/ဗုဒ္ဓ၊ကျဘမ်း၊ရွာလေးရပ်ကွက်၊အမှတ်(၁)ရပ်ကွက်ကြီး၊ သိမ်ဇရပ်မြို့နေသူ၏ ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်အေး အေးနွယ် တွင် ယာနံရိုးအောက်ဖောက်ဝင် ဒဏ် ရာ ၁ ချက်၊ ယာလက်သန်းကြွယ်ပြတ်ရှဒဏ် ရာ ၁ ချက်၊ ယာပါးပွန်းပဲ့ဒဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးဇင်ဘိုလတ်၊၃၄ နှစ်၊(ဘ)ဦးမြင့်ဝေ၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊အတူနေသူတွင် ယာခါးပေါက်ပြဲ၊ဝဲလက်ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ သမီးဖြစ်သူ မသဇင်အောင်၊၅ နှစ်၊(ဘ)ဦးဇင်ဘိုလတ်၊ ဗမာ/ဗုဒ္ဓ၊ မူကြို တတ်ရောက်နေသူတွင် ယာပါးပေါက်ပြဲ၊ ဝဲတင်ပါးပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း၊ ကျန်ဗုံးသီး ၂ လုံးမှာ ဦးရှိန်းကျော်၊၃၅ နှစ်၊(ဘ)ဦးဝင်းနိုင်၊ ဗမာ/ဗုဒ္ဓ၊ကျဘမ်း၊ရွာလေးရပ်ကွက်၊အမှတ်(၁)ရပ် ကွက်ကြီး၊သိမ်ဇရပ်မြို့နေသူ၏ ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ဦးရှိန်းကျော်တွင် ဝဲလက်မောင်းရင်းပွန်းပဲ့၊ ယာလက်သန်းကြွယ်ပြတ်ရှဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဇနီးဖြစ်သူ ဒေါ်ချိုမာသန်း၊ ၃၆ နှစ်၊(ဘ)ဦးခင်မောင်ဖြူ၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ရွာလေးရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်ကြီး၊ သိမ်ဇရပ်မြို့နေသူတွင် ဝဲလက်မောင်းပေါက်ပြဲ၊ ဝဲတံတောင်ဆစ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့ အသီးသီး ရရှိခဲ့ကြောင်း၊ဒဏ်ရာရရှိသေဆုံးသူများအား သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ သိမ်ဇရပ် လူမှုကူညီရေးအသင်းမှယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်းသိရှိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူခေါင်းဆောင် (စိစစ်ဆဲ)အဖွဲ့မှာ ကျိုက်ထိုမြို့နယ်၊ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN