အမေရိကန်တောင်ပိုင်းတွင် တိုက်ခိုက်သော မုန်တိုင်း လူ ၃ ဦးသေဆုံး

ဇွန် ၁၇

     တက္ကဆက်ပြည်နယ်မြောက်ပိုင်း ပါရီတန်မြို့မှာ အားပြင်းလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၇၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတက်ကုသရန် လိုအပ်နေပါတယ်။

      အနီးနားဒေသများတွင် မြို့တွင်းသို့ အရေးပေါ်အကူအညီများ ပေးအပ်ရန် စည်းရုံးဆောင် ရွက်လျက်ရှိပြီး ဒေသခံ မီးသတ်အကြီးအကဲက လေဆင်နှာမောင်းတိုက်ရိုက် တိုက်ခတ်မှုကြောင့် အိမ်ခြေ ၃၀ ထက်မနည်း ပျက်စီးကာ သိသိသာသာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

#PAN