နွားထိုးကြီးမြို့နယ်တွင် သာမန်ပြည်သူ ၃ ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က ရက်ရက်စက် လည်လှီးသတ်ဖြတ်

ဇွန် ၁၇

      ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ဖောင်းချဥ်(မြောက်)ကျေးရွာ၊ ရွာဝင်လမ်းတွင် ၎င်းရွာနေသူများဖြစ်ကြသော ဦးမင်းမြိုင်၊၅၅နှစ်၊(ဘ)ဦးစိန်ကြီး၊တောင်သူ/ကြက်မွေး၊ဦးကျော်အေး၊၅၅နှစ်၊(ဘ)ဦးစိန်ကြည်၊တောင်သူ၊ဦးလမ်းဗိုလ်(ခ)ဦးလွမ်းဗိုလ်၊၃၅နှစ်၊(ဘ)ဦးကုလား၊ကြက်မွေးတို့ကို PDF အမည်ခံလူသတ်အကြမ်းဖက်များက လက် ပြန်ကြိုးတုပ်၍ လည်ပင်းအား ဓါးဖြင့်လှီး၍ သတ်ဖြတ်ခဲ့ကြပါသည်။

    ဖြစ်စဥ်မှာ သေဆုံးသူ ဦးမင်းမြိုင်သည် ကြက် ခြံ၌ရှိနေစဥ် အကြမ်းဖက်သမား ၈ဦးခန့်က ဆိုင်ကယ် ၅စီးဖြင့် သေနတ် တို/ရှည်များ ကိုင်ဆောင်ရောက်ရှိလာကာ ဦးမင်းမြိုင်အား ချုပ်နှောင်ပြီး ဦးကျော်အေး၊ဦးလမ်းဗိုလ်တို့ကို ထပ်မံခေါ်ယူ၍ ၎င်းတို့ ၃ ဦးကို လက်ပြန်ကြိုးတုပ် ခေါ်ဆောင် သွားကာ ဖောင်းချဥ်(မြောက်)ကျေးရွာအဝင်၊လမ်းထိပ်တွင် လည်ပင်းအား ဓါးဖြင့်လှီး၍သတ် ဖြတ်ကာ စည်သာကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

    အဆိုပါ သတ်ဖြတ်ခံရသူ ၃ ဦးစလုံးမှာ သာမန်ပြည်သူများဖြစ်ကြပြီး PDF အမည်ခံလူသတ်အကြမ်းဖက်များက မည်သည့်အတွက်ကြောင့် ယခုလို ရက်ရက်စက်စက် သတ်ဖြတ်ရသည်ကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများထံမှ သိရှိပါသည်။

#PAN