“အိန္ဒိယ အတွင်းရှိ ကျောက်မီးသွေးစက်ရုံကြီးများတွင် ရုရှားကုမ္ပဏီကြီးများ အနေဖြင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ကြောင်း အိန္ဒိယနိုင်ငံ သံ ၊သံမဏီ နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဝန်ကြီးက ဖိတ်ကြားခဲ့”

ဇွန် ၁၆

အိန္ဒိယနိုင်ငံအတွင်းရှိ ကျောက်မီးသွေးတွင်း စက်ရုံကြီးများ တွင်ရုရှားနိုင်ငံ၏ ကုမ္ပဏီကြီးများကို ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် အိန္ဒိယနိုင်ငံက ဖိတ်ကြားထားကြောင်း အိန္ဒိယနိုင်ငံ၏ သံ သံမဏီ နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဝန်ကြီးဌာန ဝန်ကြီး Faggan Singh Kulaste က ပြောကြား ခဲ့တာဖြစ်ပါတယ်။

“အိန္ဒိယကျောက်မီးသွေးတွင်းတွေကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်ထားတယ်၊ အဲဒီလုပ်ငန်းတွေမှာ နိုင်ငံခြားကနေ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ၁၀၀ရာခိုင်နှုန်းအထိ ခွင့်ပြုထားပေးပါတယ်”လို့ ဝန်ကြီးကရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် SPIEF 2023 Forum ပွဲကြီးတွင်ပြီးခဲ့သည့် ဇွန်လ ၁၅ရက်နေ့က ပြောကြား ခဲ့တာ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။