“အိန္ဒိယ နိုင်ငံ Jammu – Kashmir ဒေသအတွင်း အိန္ဒိယ CRPF လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် စစ်သွေးကြွများအကြား တိုက်ပွဲများ ဖြစ်ပွားနေ”

ဇွန် ၁၆

အိန္ဒိယနိုင်ငံ Jammu နှင့် Kashmir ဒေသအတွင်း ရှိသော Kupwara မြို့ငယ်အနီး အိန္ဒိယနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များ နှင့် စစ်သွေး ကြွများအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ဂျမူး နှင့် ကက်ရှ်မီးယားပြည်နယ် Kupwara မြို့ငယ်အနီး တွင် ယနေ့ သောကြာနေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ CRPF အဖွဲ့ဝင်များနှင့် အကြမ်းဖက် သမားများ အကြား တိုက်ပွဲ များဖြစ်ပွားကာ အကြမ်း ဖက်သမား ၅ဦးထိ သေဆုံး ခဲ့ရတာ လည်းဖြစ် ပါတယ်။

“Kupwara ဧရိယာအနီး ရဲ၊ စစ်တပ်နှင့် အိန္ဒိယနိုင်ငံ၏ Central Reserve Police Force (CRPF) တို့နှင့် စစ်သွေးကြွ ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲများဖြစ်ပွားနေကြတာဖြစ်တယ်” လို့ Kashmir ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ များက ပြော ကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့က အိန္ဒိယ စစ်တပ်နှင့် CRPF ရဲတပ်ဖွဲ့ တို့၏ Jammu – Kashmir ဒေသအတွင်း အကြမ်းဖက် နှိမ်နှင်းရေးအတွက် ပူးပေါင်း စစ်ဆင်ရေးအတွင်း အဆိုပါဒေသရှိ စစ်သွေး ကြွ၂ ဦး သေဆုံးခဲ့ရကြောင်းသတင်းဌာနများ ကဖော် ပြပြောဆိုထားကြပါတယ်။